သတင်းတွေမှာ မြင်ရတဲ့ ပုံအရတော့
သတင်းတွေမှာ မြင်ရတဲ့ ပုံအရတော့
ဦးမင်းအောင်လှိုင်ရဲ့ တရုပ်ပြည် အလည်အပတ်ခရီးစဉ်ကို
ကောဇောနီနဲ့ ကြိုဆိုပြီး နိုင်ငံတော် အဆင့် အခမ်းအနားနဲ့ပါ ဂုဏ်ပြုခဲ့တာ ကိုတွေ့ခဲ့ရပါတယ်။
သူ့ရဲ့ လက်အောက်ငယ်သား တယောက်ကို ဒီလို အခမ်းအနားမျိုးနဲ့ ဒီလို အရေးတယူ ကြိုဆိုတာဟာ တရုပ်နိုင်ငံရဲ့ သမိုင်းမှာ ဒါဟာ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်ဟာ တရုပ်ပြည်အတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိတဲ့ သူတယောက်ဖြစ်ကြောင်း နဲ့ တရုပ်နိုင်ငံတော် အတွက် အဖိုးအနဂ္ဂ ထိုက်တန်တဲ့ လူသား တဦးဖြစ်ကြောင်း ဒီဖြစ်စဉ်က သက်သေပြနိုင်ခဲ့ပါတယ်။
မိုးထက်ဟိန်းသွားတဲ့ ဘင်ခရာ တီးလုံးသံတွေ၊ ခန့်ညားလှတဲ့ စစ်ချီတက်မှုတွေ၊ ကော်ဇောနီကြီးရဲ့ အရှိန်အဝါ၊ ဖခင်တဦးလို အပေါ်စီးကနေ ဦးမင်းအောင်လှိုင်ကို ငုံ့ကြည့်နေခဲ့တဲ့ တရုပ်သမ္မတကြီးရဲ့ နူးညံ့တဲ့ အကြည့် တွေဟာ ကျွန်တော်တို့လို မျိုးချစ်တွေ အတွက် ဘယ်တော့မှ မမေ့နိုင်ခဲ့တဲ့ အခိုက်အတန့်လေး တခု ဖြစ်ခဲ့ပါတယ်။
ကုန်ဈေးနှုန်း တဟုန်ထိုး မြှင့်တက်နေလို့ ထမင်းမစားရတာ ငါးရက်လောက် ကြာနေပြီး ဗိုက်ဟောင်းလောင်း ဖြစ်နေတာတောင် မျိုးချစ်ဖြစ်ခွင့်ရလိုက်တာနဲ့တင် သေပျော်ခဲ့ပြီမို့ ဆာလောင်မှုတွေ ယာယီမေ့ပျောက်နိုင်ခဲ့တဲ့ သမိုင်းဝင်နေ့စွဲ တခုလည်း ဖြစ်ခဲ့ပါတယ်။